သင့်ရင်သွေးအတွက် ကာကွယ်ဆေးထိုးရန် အချိန်ဇယားအကြောင်း သင်သိလိုသမျှ (အပိုင်း ၃)
Manage episode 443290496 series 3605191
အသည်းရောင်အသားဝါ ဘီ
သင့်ကလေး ရရှိမယ့် ပထမဆုံး ကာကွယ်ဆေးပါ။ မွေးပြီး ၂၄ နာရီအတွင်း ပထမဆုံးအကြိမ် ဆေးကို ထိုးရပါတယ်။ ဒုတိယအကြိမ် နှင့် တတိယအကြိမ် က အသက်တစ်လမှ နှစ်လ အရွယ်နှင့် ခြောက်လမှ ဆယ့်နှစ်လသားအရွယ် တို့မှာ ထိုးရပါမယ်။
ဘီစီဂျီ ခေါ် တီဘီရောဂါ ကာကွယ်ဆေး (BCG (Bacillus Calmette Guerin) )
ဒါက သင့်ကလေးမွေးဖွားပြီးချိန်မှာ ရရှိမယ့် ဒုတိယမြောက် ကာကွယ်ဆေးပါ။ သင့်ကလေးကို တီဘီ ရောဂါမှ ကာကွယ်ပေးပါတယ်။ ဆေးထိုးပြီးရင် ကလေးက ဖျားလာတာ၊ ဆေးထိုးတဲ့နေရာမှာ ရောင်ရမ်းပြီး နာကျင်လာတာ ဖြစ်နိုင်ပါတယ်။
ပိုလီယိုအစက်ချဆေး (OPV (Oral Polio Vaccine) )
ပထမအကြိမ်ကို မွေးစမှာ ပါးစပ်ထဲ အစက်ချပါတယ်။ နောက်ပိုင်း ကလေးအသက် (၆) ပတ်မှာ ဒုတိယအကြိမ်၊ (၁၀) ပတ်တွင် တတိယအကြိမ်နှင့် အသက် (၁၄) ပတ်မှာ နောက်ဆုံးအကြိမ်ကို တိုက်ကျွေးပါတယ်။ ဒီဆေးက ပိုလီယိုဗိုင်းရပ်စ်ပိုးကို ကာကွယ်ပေးပါတယ်။
- အပြည့်အစုံကို အသံဖိုင်လေးမှာနားဆင်နိုင်ပါတယ်။
114 epizódok